နေပြည်တော် ၊ အောက်တိုဘာ ၂၇

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၃၅) ဆွေးနွေးပွဲအဖြစ် “ အသိပညာမျှဝေခြင်း၏ အရေးပါပုံနှင့် အသိပညာမျှဝေ သည့် အလေ့အထအပေါ် လွှမ်းမိုးသည့် အချက်များအား လေ့လာဆန်းစစ်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

ဦးစွာပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးအရင်းအနှီးနှင့် ရုပ်ဝတ္တု မဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ် (Human Resources - HR) သည် အဓိက လိုအပ်ချက်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးအကောင်အထည် ဖော်ခဲ့ပါကြောင်း။

 

ထို့ကြောင့် လူသားတစ်ဦးချင်းစီ၏ အသိ ပညာကြွယ်ဝမှုသည် စစ်မှန်သော တိုးတက်မှုဖြစ်သဖြင့် အသိပညာမျှဝေမှု ပြုလုပ်ခြင်းဖြင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိပြီး အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါ ကြောင်း၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသင်ယူမှု (Learning Process) ကို အခြေခံသည့် KSP အစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တင်ပြဆွေးနွေးသူမှ ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးပေးပါရန်နှင့် တက်ရောက်လာ ကြသူများမှလည်း စိတ်ပါဝင်စားစွာဖြင့် မေးမြန်းဆွေးနွေးပေးစေလိုပါကြောင်း တိုက်တွန်း မှာကြားသည်။

 

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က “ အသိပညာမျှဝေခြင်း၏ အရေးပါပုံနှင့် အသိပညာမျှဝေသည့် အလေ့အထအပေါ် လွှမ်းမိုးသည့် အချက်များအား လေ့လာဆန်းစစ်ခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူ များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

(သတင်းစဉ်)