လှိုင်းဘွဲ ၁၇ စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုန်ဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာရှိ အသက်(၈၅)နှစ်အထက် အဘိုး ၆ ဦးနှင့်အဘွား  ၁၈ ဦးတို့ကို တစ်လလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ စတုတ္ထသုံးလပတ်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၂၀၀၀၀)ကျပ်ကို ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)