စဉ့်ကူး ၂၇ မေ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၁၀)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးမှ သင်တန်းကာလအတွင်းပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းခန်းမ ၌ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၁၀) တွင် သင်တန်းသူ (၄၇)ဦး၊ အဆင်မြင့်စက် ချုပ်သင်တန်း အမှတ်စဉ် (၉)တွင် သင်တန်းသူ (၂၃)ဦး စုစုပေါင်း သင်တန်းသူ (၇၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)