နေပြည်တော် နိုဝင်ဘာ ၁၇

 

ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System –EMIS ) သည် ASOCIO 2023 Digital Government Award ရရှိခဲ့သည်။

 

အဆိုပါဆုပေးပွဲအခမ်းအနားကို ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ Weston Justin hotel ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် ASOCIO 2023 Digital Summit တွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေသင်းတို့ တက်ရောက်၍ ပညာရေးဝန်ကြီးဌာနကိုယ်စား ဆုလက်ခံရယူခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် Pitch Section ကိုလည်း တက်ရောက်ခဲ့ကြသည်။

 

ASOCIO သည် အာရှ-သမုဒ္ဒရာပိုင်းဒေသရှိ နိုင်ငံပေါင်း 24 နိုင်ငံမှ IT အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး IT လုပ်ငန်းကို မြှင့်တင်ရန်နှင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များကို မြှင့်တင်ရန်အတွက် Digital Summit ကဲ့သို့သော လှုပ်ရှားမှုများကို လုပ်ဆောင်လျက်ရှိသည်။

 

အဆိုပါ ASOCIO Digital Sammit 2023  အား The Ministry of Science and ICT, Republic of Korea နှင့် Asia-Oceania Computing Industry Organization (ASOCIO) တို့ ကြီးမှူးပြီးthe Federation of Koren Information Industries(FKII)၊ ASOCIO's Koren member associationမှပါဝင်ပူး​ပေါင်းကျင်းပ​သော ASOCIO Digital Sammit 2023 ကို 2023 ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ Westin JOSUN Hotel Seoul ၌ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)