ရန်ကုန် ဩဂုတ် ၂

Assessor  Methodology Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း တွင်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကျင်းပသည်၊၊

အခမ်းအနားတွင် အလုပ်သမားဝန််ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက Video Online ဖြင့် ပြောကြားရာတွင် ၂၀၂၂ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် Assessment Center များတိုးမြှင့်တည်ထောင်နိုင်ရေးနှင့် Assessor များ မွေးထုတ်နိုင်ရေးတွေ့ဆုံဆွေးနွေး ပွဲတွင် တက်ရောက်ခဲ့ကြသော အထည်ချုပ်စက်ရုံ ၁၅၉ရုံမှ HR Manager များကို အထည်ချုပ်စက်ရုံတိုင်းတွင် ကျွမ်းကျင်လုပ်သားများရရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်မှာ ကျွမ်းကျင်တတ်မြောက်ထားသော လုပ်သားများကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန်၊ လုပ်ငန်းခွင့်မပျက် မိမိစက်ရုံ များ၌ Assessment Center တည်ထောင်ရန်နှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက မှာကြားထားပါကြောင်း၊ ယခုသင်တန်းမှ သင်တန်းသားများအနေဖြင့် စစ်ဆေးအကဲဖြတ်သူများ၏ တာဝန် ဝတ္တရားများ၊ ကျင့်ဝတ်များ၊ စစ်ဆေးပုံနည်းစနစ်များ၊ သဘောတရာများကို တိကျရှင်း လင်းစွာ နားလည်သဘောပေါက်သိရှိပြီး အကဲဖြတ်ရာ၌ အထောက်အကူပြုစေမှာ ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသူများကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လေ့လာသင် ယူပြီး မိမိတို့၏ အတွေ့အကြုံများကို မျှဝေခြင်းဖြင့် NSSA လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားပူးးပေါင်းကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ထုတ်လုပ်မှု လုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်တီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ်၊ လှိုင်သာယာစက်မှုဇုန်အတွင်းရေးမှူး ဦးကျော်ဝင်းနှင့် သင်တန်းပို့ချ မည့် ဆရာ၊ ဆရာမ များနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်