နေပြည်တော် ၂၉ သြဂုတ်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပထမအကြိမ် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး၊ ရည်မှန်းချက် ၄ ရပ်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ၃ ရပ်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်း များ တည်ဆောက်ရေးစသည့် ရလဒ်များကို ဖော်ထုတ်ချမှတ်နိုင်ခဲ့ပါကြောင်း။
ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးဖော်ထုတ်ရရှိသည့် ရလဒ်များ၊ မြေပြင်ကွင်းဆင်း တွေ့ရှိချက်အစီရင်ခံစာများနှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ပုံစံများအပေါ်မူတည်ပြီး အကြံ ပေးအဖွဲ့နှင့် တာဝန်ရှိသူများ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ၃ ရပ်၊ လုပ်ငန်းနယ်ပယ် ၆ ခု၊ လုပ်ငန်းနယ်ပယ်အလိုက် မျှော်မှန်းရလဒ်နှင့် အသေးစိတ်လုပ်ငန်းအစီအစဉ် များပါဝင်သည့် ပြုပြင်ပြောင်းလဲရေးမူဘောင်(မူကြမ်း)ကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဗဟိုအစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည် နယ်များအနေဖြင့် ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ခု ဖြစ်လာ ရန်ဖော်ဆောင်ရာတွင် "မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP)” မှ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မူ ဘောင်တစ်ခုအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သကဲ့သို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် MSDP စီမံကိန်းကို သိရှိနားလည်ထားရန် လိုအပ်သည်ဟု မှာကြားခဲ့ ပါကြောင်း။
ယခုအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင် ပြောင်းလဲရေးမူဘောင်(မူကြမ်း)ပါ လုပ်ငန်းစဉ်များသည်လည်း “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)"၏ မဏ္ဍိုင်(၁)ဖြစ်သည့် "ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု"၏ အောက်တွင်ပါရှိသော ပန်းတိုင်(၁)“ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့်ကောင်းမွန်သောအုပ်ချုပ်မှု" ခေါင်းစဉ်အောက်တွင်ပါဝင်သည့် "ကောင်းမွန်သောအုပ် ချုပ်မှု၊ အဖွဲ့အစည်းများ၏စွမ်းဆောင်မှု တိုးတက်ကောင်းမွန်ရေးနှင့် ပြည်သူအားလုံး အစိုးရနှင့် ဆက် သွယ်လုပ်ကိုင်နိုင်စွမ်းတိုးမြှင့်ရေး"ကဏ္ဍများနှင့် ချိတ်ဆက်ပြုစုရေးဆွဲထားသည့် ပြုပြင်ပြောင်းလဲရေး မူဘောင်(မူကြမ်း)ပင်ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် မူဝါဒ လုပ်ငန်းစဉ်များ ချမှတ်သည့်အဆင့်မှ ယင်းမူဝါဒများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်သော ဝန်ထမ်းများ၏ အခန်း ကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ပါဝင်လျက်ရှိပါကြောင်း၊ မည်သည့် လုပ်ငန်းမျိုးမဆို အောင်မြင်အောင် ဆောင်ရွက်ကြသည့်အခါတွင် ပါဝင်ပတ်သက်သူအားလုံး လုပ်ငန်း စဉ်အဆင့်ဆင့်ကို ကျေညက်စွာ နားလည်သဘောပေါက်မှသာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ရည်မှန်း ချက်ပန်းတိုင်ကိုရောက်ရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးမူဘောင် (မူကြမ်း)တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်သူ အားလုံး သိရှိနားလည်နိုင်မည့် လက်တွေ့အကောင်အထည်ဖော်မည့် လုပ်ငန်းများကို အထောက် အကူပြုနိုင်မည့် အသေးစိတ်လုပ် ငန်းအစီအစဉ်များကို ရေးဆွဲဖော်ထုတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် အလုပ်ရုံဆွေး နွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်လုပ်ငန်းစဉ်များအပြင်၂၀၁၉ ခုနှစ်ကုန်အတွင်း အမြန်အကောင်အထည်ဖော် ဆောင်ရွက် ရန် ရည်မှန်းထားသည့် လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ၂၀၁၉ ခုနှစ် မကုန်မီ ရပ်ကွက်၊ ကျေးရွာအုပ်စု လက်စွဲစာစောင်ရေးဆွဲပြုစုပြီး ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖြန့်ဝေ ပေးနိုင်ရေး ရည်မှန်းထားပါကြောင်း၊ အဆိုပါ ရပ်ကွက်၊ ကျေးရွာ လက်စွဲထဲတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ဆောင်ရွက်ရမည့် တည်ဆဲဥပဒေများက သတ်မှတ်ပေးထားသည့် လုပ်ငန်း တာဝန်များ ပြည့်ပြည့်စုံစုံပါဝင်ရန် လိုအပ်ပါကြောင်း။
၂၀၁၂ ခုနှစ် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများတွင် ရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်သူမဟုတ်သော မသင်္ကာဖွယ်သူစိမ်းတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အနီးဆုံးရဲတပ်ဖွဲ့စခန်းသို့ သတင်းပို့ရမည်၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်း ရေးနှင့် လုံခြုံရေးတို့ အတွက် စစ်ဆေးရန်လိုအပ်သော နေအိမ်ဥပစာနှင့် နေရာများကို အဖွဲ့ဖြင့် စနစ်တကျဝင်ရောက် စစ်ဆေးရမည်ဟု ပါရှိပြီးသော်လည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အချို့အနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်မှု အားနည်း နေသည်ကို တွေ့ရှိနေရပါကြောင်း။
ထို့ကြောင့် ၂၀၁၂ ခုနှစ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများတွင် တိတိကျကျ ပြဋ္ဌာန်းပေးအပ်ထားသည့် တာဝန်များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ကျင့်သုံးဆောင်ရွက်နိုင်စေရန် ရပ်ကွက်၊ ကျေးရွာလက်စွဲထဲတွင် ပြည့်ပြည့်စုံစုံထည့်သွင်း ပေးရန် လိုအပ်မည်ဖြစ်သည့်အတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူအားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် မြို့နယ် ပြည်သူလူထုနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြရန်၊ ပြည်သူလူထု၏ တင်ပြချက်များနှင့် ပြည်သူ့အသံများကိုနားထောင်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် (Town Hall Meeting)များ ပြုလုပ်သွားရန်လည်း ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် ကိုလည်း မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုသည်ကို အကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း။
ထို့ပြင် ပြည်နယ်တစ်ခု မြို့နယ်တစ်ခု (One State One Township) စီမံချက်ကို ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစိတ်အချက်အလက်များ အတည်ပြုပြီးပါက စီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အကြံပြုဆွေးနွေးကြစေလိုပါ ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်သည့် တိုင်ကြားစာများအပေါ်တွင် ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် တိုင်ကြားစာစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေမည့်စနစ်များ ဖော်ထုတ်ပေး နိုင်ရန်အတွက် လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး များအဖြစ် တာဝန်ယူဆောင်ရွက်နေကြရသည့်အတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များ အောင်မြင်ရေး၊ အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာလည်ပတ်နိုင်ရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းဆွေးနွေး အကြံပြုစေလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးမူဘောင် (မူကြမ်း)ပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှင်းလင်းလွယ်ကူသည့် အသေးစိတ်လုပ်ငန်း စဉ်များ ဖော်ထုတ်ပေးနိုင်ရန်အတွက် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးပေးကြပါရန် တိုက်တွန်း ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများ၊ ပြုပြင်ပြောင်းလဲရေးမူဘောင် (မူကြမ်း)၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆွေးနွေးရန်လိုအပ်သည့် နယ်ပယ်များ၊ မျှော်မှန်းရလဒ်များနှင့် အသေးစိတ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည် နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြည်နယ်တစ်ခု မြို့နယ်တစ်ခု (One State One Township) စီမံချက်အဖြစ် ကလောမြို့နှင့် အောင်ပန်းမြို့တို့တွင် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင် ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရရှိသည့် အကျိုးကျေးဇူးများနှင့် ဆက်လက် ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နယ်ပယ်အလိုက် ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ်များအား အကောင် အထည်ဖော်ရာတွင် မူဝါဒရေးရာ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ ရှင်းလင်းခြင်း၊ မေးမြန်း ဆွေးနွေးခြင်း၊ နယ်ပယ်အလိုက် ရည်ရွယ်ချက်များ၊ မျှော်မှန်းရလဒ်များနှင့် လုပ်ငန်းစဉ် အသေးစိတ် ဇယားအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များအား အကြံပြုဆွေးနွေး ခြင်း၊ နယ်ပယ်အလိုက် လုပ်ငန်းစဉ် အသေးစိတ်ဇယားကို အကောင်အထည်ဖော်ရာတွင် မြေပြင်တွင် ကြုံတွေ့နိုင်သော အခက်အခဲများနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးမူဘောင်ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲကို အဆိုပါဟိုတယ်၌ သြဂုတ် ၃၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု ဝန်ကြီး၏ အကြံပေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်း ကိုယ်စားလှယ် များ၊ နယ်ပယ်ရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်


