မန္တလေး ၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို မြို့နယ် (၁၉)မြို့နယ်ရှိ မဲရုံများအတွက် နိုဝင်ဘာ ၁ ရက်က မုံရွာမြို့ မြို့တော်ခန်းမမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ၅ ခုမှမြို့နယ် ၁၄ မြို့နယ်ရှိ စည်ပင်သာယာရေး ကော်မတီပိုင် မော်တော်ယာဉ်များနှင့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်သည်။ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီမြို့နယ်တွေက စည်ပင်သာယာရေး ကော်မတီပိုင် မော်တော်ယာဉ်များနှင့် မုံရွာမြို့တော်ခန်းမကနေ ပို့ပေးနေခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း စည်ပင်သာယာအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်က ပြောသည်။
ကလေးခရိုင် ခန္တီးခရိုင်နှင့် နာဂခရိုင်များအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို အောက်တိုဘာလကုန်ပိုင်းက ရေယာဉ်များဖြင့် ပို့ဆောင်ပေးပြီးဖြစ်သလို ကသာခရိုင် သို့လည်း မော်တော်ယာဉ်များဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။ စစ်ကိုင်းခရိုင်အတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှ သယ်လာစဉ် ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။
ဖြိုးအိ