နေပြည်တော် ၅ ဇွန်
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒုတိယ အစည်းအဝေးကို ၁၃၈၁ ခုနှစ် ဝါဆိုလဆန်း (၃၊ ၄၊ ၅၊ ၆)ရက် (၂၀၁၉ ခုနှစ် ဇူလိုင် ၄၊ ၅၊ ၆၊ ၇) ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၁ ခုနှစ် ဝါဆိုလဆန်း (၇၊ ၈)ရက် (၂၀၁၉ ခုနှစ်၊ ဇူလိုင် ၈၊ ၉) ရက် တနင်္လာ၊ အင်္ဂါနေ့များတွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၁ ခုနှစ် ဝါဆိုလဆန်း (၂)ရက် (၂၀၁၉ ခုနှစ် ဇူလိ်ုင် ၃)ရက် ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီးသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်ထားပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်