ကျိုက်မရော ၅ သြဂုတ်     


မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၅ ရက် (ယနေ့)နံနက်ပိုင်းက  အတ္တရံမြစ်ရေ ဆက်လက်တိုးလာသဖြင့် ကျိုက်မရောဘုရားကြီးမှ စပယ်ဂူတံတားတည်ရှိရာ လှေဆိပ်သို့သွားရာလမ်းမကြီးတစ်လျှောက် ရေကျော်နေ၍ ဆိုင်ကယ်များ သွားလာမောင်းနှင်၍ မရတော့ကြောင်း သိရသည်။

 

1

 


အဆိုပါ စပယ်ဂူလမ်းမကြီးပေါ်၌ သွားလာနေသော မော်တော်ကားများနှင့် ဆိုင်ကယ်ကယ်ရီသမားများ သတိပြု၍ သွားလာကြရန် အဆိုပါရပ်ကွက်နေဒေသခံများက ပြောသည်။ 


ယနေ့တွင် အတ္တရံမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ သွားလာကြမည့် ကျောင်းဆရာ ဆရာမများနှင့် ဒေသခံပြည်သူများအား စက်လှေများစီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး (ကျိုက်မရော)