ကျိုက်မရော ၅ သြဂုတ်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၅ ရက် (ယနေ့)နံနက်ပိုင်းက အတ္တရံမြစ်ရေ ဆက်လက်တိုးလာသဖြင့် ကျိုက်မရောဘုရားကြီးမှ စပယ်ဂူတံတားတည်ရှိရာ လှေဆိပ်သို့သွားရာလမ်းမကြီးတစ်လျှောက် ရေကျော်နေ၍ ဆိုင်ကယ်များ သွားလာမောင်းနှင်၍ မရတော့ကြောင်း သိရသည်။
အဆိုပါ စပယ်ဂူလမ်းမကြီးပေါ်၌ သွားလာနေသော မော်တော်ကားများနှင့် ဆိုင်ကယ်ကယ်ရီသမားများ သတိပြု၍ သွားလာကြရန် အဆိုပါရပ်ကွက်နေဒေသခံများက ပြောသည်။
ယနေ့တွင် အတ္တရံမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ သွားလာကြမည့် ကျောင်းဆရာ ဆရာမများနှင့် ဒေသခံပြည်သူများအား စက်လှေများစီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


