အုတ်ဖို ၈ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း ယနေ့နံနက် ၇ နာရီ ခွဲ အချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် တယ်ပင်ကျောကျေးရွာအုပ်စု တယ်ပင်ကျောကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံး၊ ချောင်ဂေါင်းကျေးရွာအုပ်စု စင်မြင့်ကျေးရွာတွင် ပြိုလဲနေအိမ်(၅)လုံးနှင့် နေအိမ်(၁)လုံး အမိုးလန်ခဲ့ရာ စုစုပေါင်းပြိုလဲနေအိမ်(၆)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံး ပျက်စီးခဲ့သည်။
အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆွေမျိုးသားချင်းများမှ လေဘေးသင့်မိသားစုများ၏ နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
အောင်သူဆွေ(မြို့နယ်ပြန်/ဆက်)


