အုတ်ဖို ၂၁ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း မေ ၂၁ ရက် ည ၅ နာရီ ၁၅ မိနစ်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် တပ်ဆွဲကျေးရွာအုပ်စုတွင် နေအိမ် ၁ လုံး ပြိုလဲခြင်း၊ ကြို့ကိုးပင် ကျေးရွာအုပ်စုတွင် နေအိမ် (၁) လုံး၊ ကိုင်းကြီးကျေးရွာအုပ်စုတွင် နေအိမ် (၂)လုံး၊ ကျပ်ချောင်းကျေးရွာအုပ်စုတွင် နေအိမ်(၆)လုံး၊ ထန်းပင်ကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံး၊ အေးမြသာယာကျေးရွာအုပ်စုတွင် နေအိမ်(၇)လုံး အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ရာ စုစုပေါင်းပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၁၈)လုံး ပျက်စီးခဲ့သည်။
အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆွေမျိုးသားချင်းများမှ လေဘေးသင့် မိသားစုများ၏ နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အောင်သူဆွေ (မြို့နယ်ပြန်/ဆက်)
