အုတ်တွင်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေး၊ ရေမြေထိန်းသိမ်းရေး၊ လေထုသန့်စင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျွဲပွဲမြို့ မြေစီးကျေးရွာ ကန်ကလေးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလွင်သူနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ဝါးတစ်အုပ်တစ်မစိုက်ခင်းနှစ်ဧကတွင် တင်းဝါးငုတ်တက်ပျိုးပင် ၁၀၈၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


