နိုဝင်ဘာ ၁၅
အယ်ဂျီးရီးယားနိုင်ငံတောင်ပိုင်းတွင် ယမန်နေ့က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အယ်ဂျီးရီးယားအရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါယာဉ်မတော်တဆမှုသည် ဘော့ဂျေဘတ်ဂျီမိုတာပြည်နယ်တောင်ပိုင်းတွင် ယာဉ်နှစ်စင်းတိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုမတော်တဆမှုဖြစ်ပွားရသည့် အသေးစိတ်အချက်အလက်ကိုမူ မသိရှိရသေးကြောင်း ၎င်းတို့က ထပ်လောင်းပြောသည်။
အယ်ဂျီးရီးယားနိုင်ငံတွင် ယာဉ်မတော်ဖြစ်ပွားမှုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် လူသားများကြောင့်ဖြစ်ပြီး အထူးသဖြင့် ယာဉ်မောင်များမဆင်မခြင် မောင်းနှင်မှုကြောင့်ဖြစ်သည်။
လမ်းနှင့်ကားများအခြေအနေဆိုးရွားခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအချက်များကြောင့်လည်း ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို