ရှမ်းရွာသစ်၊ ၈ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသက် ၁၀၀ အထက် သက်ကြီးရွယ်အိုများအား အပိုဆောင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၇ ရက်က ရင်းဘိုင်းကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ရင်းဘိုင်းကျေးရွာအုပ်စုရှိ အသက် ၁၀၀နှင့်အထက် သက်ကြီးဘိုးဘွား နှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၆၀၀၀၀ ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိရာ မဲသမူးကျေးရွာအုပ်စုတွင် အသက် ၁၀၀ နှင့်အထက် သက်ကြီးရွယ်အို ၃ ဦး၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ၂ ဦးနှင့် မဲလရော ကျေးရွာအုပ်စုတွင် ၁ ဦး စုစုပေါင်း ၆ ဦးရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


