ဘားအံ ၂၉  မေ 


ကရင်ပြည်နယ်၊ ဘားအံမြို့၊မြိုင်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း၌ (PUBLIC TALK)ကို မေ ၂၈ ရက် နံနက်(၉)နာရီခွဲက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စကားဝိုင်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦခွန်မျိုးတင့်က အဖွင့် အမှာစကားပြောကြားပြီး ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးဒေါ်စိုးစိုးအေးက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ 

 

1


ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦခွန်မျိုးတင့်၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောချစ်သန်း၊ ပတ်ပန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆန်း၊ အမှတ်(၃၁) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ထွန်းထွန်းဝင်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရဲအုပ်ဝင်းသန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရန်နိုင်စိုး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းနောင်စိုးတို့က ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
    

ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိတို့က ကျေးရွာဖွံ့ဖြိုးရေးအတွက် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)

 

1