ဘားအံ ၁၆ ဇူလိုင်

ကရင်ပြည်နယ် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် (လက်ရက်ကန်း) လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းတွင် သဘာဝဆိုးဆေးပြုလုပ်နည်း အဆင့်ဆင့်၊ မာဖလာရက်လုပ်နည်း အဆင့်ဆင့်၊ ခြုံပုဝါရက်လုပ်နည်း အဆင့်ဆင့်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၁၀)ဦးဖြင့် သင်တန်းကာလ (၂၄)ရက်တွင် စာတွေ့၊ လက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ သင်တန်းကို အိန္ဒုကျေးရွာမှ လက်ရက်ကန်းလုပ်ကိုင်နေသူများ တက်ရောက်ပြီး COVID-19 ကာလတွင် ကိုယ်ပိုင်ရက်ကန်းလုပ်ငန်းများ ရပ်နားထားချိန်၌ Cash for Work အစီအစဉ်တွင် ပါဝင်လာပြီး အပိုဝင်ငွေရရှိသည့်အပြင် ခေတ်မီ သဘာဝဆိုးဆေးပညာနှင့် လက်ရက်ကန်းပညာများ ပိုမိုသိရှိလာကြမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (ဘားအံမြို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကရီအောင်အောင်မှ ပြောကြားသည်။

စိုးစိုးအေး(ပြန်/ဆက်)