ဘားအံ ဇွန် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြင့် ဇွန် ၉ ရက် မွန်းလွဲပိုင်းက ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ ဘားအံမြို့၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင် က ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)