ဘားအံ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာရှိ အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက စိုက်ပျိုးထားရှိသော ဆောင်း ဆီထွက်သီးနှံ(မြေပဲ) စိုက်ခင်းများသို့ ဒီဇင်ဘာ ၂၉ ရက်တွင် ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူးက အောင်သပြေလယ်ယာနှင့် အထွေထွေစီးပွား ရေးလုပ်ငန်း သမဝါယမအသင်းက ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုး ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အောင်သပြေ လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သမဝါယမကဏ္ဍမှအသင်း အချင်းချင်းပံ့ပိုးငွေဖြင့် မြေပဲစိုက် အသင်းသားတောင်သူ ၂၀ က စိုက်ဧက ၁၀၀ စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


