၂၄ ဩဂုတ်
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ငါးမွေးမြူးရေးကဏ္ဍ ပြန်လည် ဦးမော့လာစေးရေးအတွက် နိုင်ငံတော်အစိုးရမှ ဘားအံမြို့နယ်၊ ကော့ရေးကျေးရွာ၊ ဇာသပြင်ကျေးရွာနှင့် ဘုရားကုန်းကျေးရွာများရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များအား ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်အေးအေးဇော်၊ ဘားအံခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးလှမင်းဇော်၊ ကော့ကရိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးစောဖွန်စမိုက်တို့မှ လယ်သမား (၅)ဦး၊ မွေးကန်ဧက (၆၃.၉၅) ဧကအတွက် ငါးကောင်ရေ ၁၂၇၉၀၀ ကောင်အား ပေးအပ်ခဲ့ပါကြောင်း သိရသည်။
MDN


