ဘားအံ ၂၁ ဩဂုတ် 


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် နွားနို့သောက်သည့် အလေ့အကျင့်ကောင်းများ စွဲမြဲရရှိစေရန်၊ ရင်သွေးငယ်များ ဉာဏ်ရည်ထက်မြက်၍ အရိုးနှင့်သွားများ သန်မာစေကာ ခန္ဒာကိုယ် ကြီးထွားကျန်းမာကြံခိုင်စေသည့် အကျိုးကျေးဇူးများကို ရရှိစေရန်အတွက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ခလောက်နို့အုပ်စု သစ်ချရွာ အခြေခံပညာမူလတန်းကျောင်း၌ နွားနို့နှင့် ကြက်ဉကို တိုက်ကျွေးခဲ့သည်။


ထိုသို့တိုက်ကျွေးရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်ချရွာ မူလတန်းကျောင်းသား/ ကျောင်းသူ ၉၇ ဦးတို့အား နွားနို့နှင့် ကြက်ဥတို့ကို တိုက်ကျွေးခဲ့ကြသည်။


ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာ ခင်ငယ်အောင်နှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာစောဖောင်ဟိတို့က နို့သောက်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာ မူလတန်းကျောင်းများအား ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ကျောင်းနှုန်းဖြင့် အပတ်စဉ်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)