ဘားအံ ၆  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ လှာကာ- ဖားပု- ကျုံပိုက်- ခဲတောက်-ကွန်ကရစ် လမ်းခင်းကျင်းနေမှု၊ ခဲတောက်မြေထိန်းနံရံဆောင်ရွက်ထားမှုနှင့် မိကရင်ကျေးရွာ ကမ်းနားမြေပြိုမှု အခြေအနေများအား ဇူလိုင်(၅)ရက် နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်  လှာကာ- ဖားပု- ကျုံပိုက်- ခဲတောက်- မုက္ကဒိကွန်ကရစ်လမ်းပိုင်း(၂)မိုင် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊  ကျုံပိုက်ကျေးရွာ မြစ်ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံဆောင်ရွက်မှု အခြေအနေအားလည်းကောင်း၊ မုက္ကဒိကျေးရွာ ကမ်းနားမြေပြိုမှုနှင့် မုက္ကဒိ-ဖားနွဲ့ကျွန်း သံလွင်မြစ်ကူးကြိုးတံတားအနီး ကမ်းပြိုမှုအား ဆောင်ရွက်ရမည့် အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

အဲဒီနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖားကပ်-ရေတွင်းကုန်းလမ်းပိုင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရသေ့ပျံ-အလံဝန်ကျေးရွာချင်းဆက်လမ်း၊ တံတားဆောင်ရွက်နေမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်ပြန်/ဆက်