ဘားအံ ၄ ဇူလိုင်
ယနေ့ နံနက် ၉ နာရီ၌ ကရင်ပြည်နယ် ဘားအံငါးလုပ်ငန်းစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာန အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း သင်တန်း ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကရင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းကာလမှာ ဇူလိုင် ၄ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး ဘားအံခရိုင်အတွင်းမှ ငါးမွေတောင်သူဦးရေ ၂၀ သင်တန်းတက်ရောက်ကြကြောင်း သတင်းရရှိသည်။
MDN