ဘောဂလိ ၁၄ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများ၏ မိုးသီနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်းနင်းခြင်း နည်းပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် သပြေညွှန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများ၏ မိုးသီးနှံများဖြစ်သော မိုးစပါး၊ နှမ်း၊ မြေပဲ၊ နနွင်း စသည့် သီးနှံစိုက်ခင်းများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ပြသဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် မိုးတွင်းကာလ မိုးသီးနှံများတွင် ဖြစ်ပွားတတ်သော ပိုးမွှားအန္တရာယ်ကျရောက်ခြင်း၊ အပင်သေခြင်းနှင့် သီးနှံများအဖျဉ်းနည်းခြင်းများမှ ကြိုတင်ကာကွယ်ပေးပြီး အပင်များပိုမိုရှင်သန်ပြီး အထွက်နှုန်းလည်း ကောင်းစေသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရပါသည်။
နီလာအေး(ပြန်/ဆက်)