ဘောဂလိ၊ ၃ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့ ဖူးဘိုးခိုလမ်း (ဆိုင်ကယ်)သွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖူးဘိုးခိုလမ်းသည် ယခင်က ရပ်ကွက်တွင်း မြေသားလမ်းဖြစ်ပြီး ယခုချိန်တွင် ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မှီစေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အရှည်ပေ (၇၈၀)၊ အကျယ်(၄)ပေ၊ ထု ၄ လက်မရှိ ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)


