ဘောဂလိ၊  ၃   ဒီဇင်ဘာ

ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့ ဖူးဘိုးခိုလမ်း (ဆိုင်ကယ်)သွားလမ်း  ကွန်ကရစ်ခင်းခြင်း လုပ်ငန်း   ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။       

 

ဖူးဘိုးခိုလမ်းသည် ယခင်က ရပ်ကွက်တွင်း  မြေသားလမ်းဖြစ်ပြီး  ယခုချိန်တွင်  ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

အဆိုပါလုပ်ငန်းတွင်  မြို့စည်ပင်သာယာရေးအဖွဲ့မှ  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မှီစေရေး  အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  အရှည်ပေ (၇၈၀)၊ အကျယ်(၄)ပေ၊ ထု ၄ လက်မရှိ ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘောဂလိ(ပြန်/ဆက်)