ဘောဂလိ  ၁၃  ဩဂုတ်  

 

ကရင်ပြည်နယ် ဘားအံခရိုင် ဘောဂလိမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည် ဆောက်ရေးလုပ်ငန်းများဖြစ်သော   ၁၆ ခုတင်ဆံ့  စံကိုက်တိုက်နယ်ဆေးရုံနှင့် စည်ပင်လုပ်ငန်းများအား  အရည်အသွေးပြည့်မီမှု ရှိ/မရှိ   ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများကို   ယမန်နေ့ နံနက်ပိုင်းက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတွင် ကရင်ပြည်နယ်  လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ   စိစစ်အကြံပြုရေးကော်မတီဉက္ကဋ္ဌ  ဦးသန့်ဇင်အောင် ဦးဆောင်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနရှိ တာဝန်ရှိသူများသည်  ဘောဂလိမြို့၌  တည်ဆောက်လျက်ရှိသော ၁၆ ခုတင်ဆံ့ စံကိုက်တိုက်နယ်ဆေးရုံနှင့် စည်ပင်လုပ်ငန်းများအား အရည်အသွေးပြည်မှီမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့‌ကြောင်း  သိရသည်။

 

နီလာအေး(ပြန်/ဆက်)