ဘောဂလိ ၄ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဘောဂလိမြို့တွင် မြန်မာနိုင်ငံရှိအမျိုးသမီးများ ဒုတိယဖြစ်ပွားမှုအများဆုံး ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကိုကြိုတင် ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောဂလိမြို့ ကျန်းမာရေးဌာနမှ သိရသည်။
ဘောဂလိမြို့တွင် HPV(Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကိုပထမ အကြိမ်အဖြစ် စတင်ထိုးနှံပေးသွားမှာဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၁ခုနှစ် ဩဂုတ်လအတွင်းမွေးဖွားသူ မိန်းကလေးများအား ကာကွယ်ဆေး ထိုးနှံပေးရေးအတွက်သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေးဆရာမများ ကစာရင်းများလိုက်လံကောက်ယူပြီး တစ်နိုင်ငံလုံး စီမံချက်ဖြင့် လာမည့်စက်တင်ဘာလ ဒုတိယပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဘောဂလိမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား အမျိုးသမီးငယ် စုစုပေါင်း(၇၆)ဦးရှိပြီး အဆိုပါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းဘောဂလိမြို့ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဖြိုးနန္ဒာဦးထံမှ သိရှိရသည်။
နီလာအေး(ပြန်/ဆက်)


