ဘောလခဲ ၁၅ သြဂုတ်
ကယားပြည်နယ်၊ ဘောလခဲခရိုဲင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၂၄)အရ စိစစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပါတီကိုယ်စားလှယ်လောင်း စိစစ်ခြင်းသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်လှကြည်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းက ပါတီကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပရိုဂျက်တာဖြင့်ပြသပြီး ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပါတီကိုယ်စားလှယ်များမှ ကန့်ကွက်ရန်မရှိသည့်အတွက် အတည်ပြုခဲ့သည်။
အဆိုပါကိုယ်စားလှယ်လောင်း စိစစ်ခြင်းသို့ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် လေ့လာခဲ့ကြပြီး ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း(၁၇)ဦးအား စိစစ်နိုင်ခဲ့ပြီး ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအနေဖြင့် ယနေ့ထိ စုစုပေါင်း ပါတီကိုယ်စားလှယ်ပေါင်း (၆၄)ဦးအား စိစစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်ဘောလခဲ