ဘောလခဲ ၆ ဇူလိုင်
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့မဈေးနှင့် လူနေအိမ်ဈေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ၊ လူသုံးအလှကုန်ပစ္စည်းများအား ဓာတ်ခွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်လျက်ရှိသည်။
မြို့မဈေးနှင့်လူနေအိမ်ဈေးဆိုင်များတွင် ရောင်းချနေသော ငပိ၊ မျှစ်ချဉ်၊ အသားတု၊လက်ဖက်၊ မုန်ညင်းချဉ်၊ အရောင်တင်၊ နနွင်းမှုန့် စသည့် အစားအစာများ၊ လူသုံးအလှကုန်ပစ္စည်းများကို ဝယ်ယူပြီး ဓာတ်ခွဲစစ်ဆေးလျက်ရှိကာ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရက်လွန်အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများကို စစ်ဆေးပြီး သိမ်းဆည်းဖျက်ဆီးခဲ့သည်။
အစားအသောက်များ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်လက်ထောက်ဆရာဝန်၊ မြို့နယ်ရဲစခန်းမှူးနှင့် ဦးစီးအရာရှိ ဒေါ်သီတာမြိုင် ဦးဆောင်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများတို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖိုးရယ်


