ရန်ကုန်  ၃၁  သြဂုတ်


အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများနှင့် ပစ္စည်းများကို လက်ခံသည်။


မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Myanmar Media 7 နှင့် အနုပညာရှင်များ စီစဉ်ကျင်းပသည့် ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ ရန်ပုံငွေမှ ငွေကျပ်သိန်း (၅၆၀)နှင့် Skynet စက် (၂)စုံ၊  မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ငွေကျပ် (၅၈)သိန်း၊ AEON အဖွဲ့(၅)ဖွဲ့မှ အမေရိကန် ဒေါ်လာ ၃၅,ဝ၀ဝ၊ UEHRD (ရန်ကုန်ရုံးခွဲ)မှ ငွေကျပ် (၃၉)သိန်း၊ မန်နေဂျင်းဒါရိုက်တာ သုဓမ္မသီင်္ဂီ ဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းမိသားစုများမှ ငွေကျပ် သိန်း(၃၀)၊ အ.ထ.က(၂) မင်္ဂလာဒုံ ကျောင်းအုပ်ချုပ်ရေး တာဝန်ခံအရာရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများမှ ငွေကျပ် (၆)သိန်းနှင့် ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းက ငွေကျပ် (၁)သိန်း (၄)သောင်းတန်ဖိုးရှိ လူအသုံး အဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ဒေသရှိ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေသို့ တိုက်ရိုက်ထည့်ဝင်၍ လိုအပ်သော ပြည်သူများအတွက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ရန် ကိစ္စများတွင် စိစစ်သုံးစွဲ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


သတင်းစဉ်