မိုင်းခတ်  ၂၅   မေ

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မိုင်းခတ်မြို့နယ် နောင်လုံးကျေးရွာအုပ်စုတွင် မှီတင်းနေထိုင်ကြသော အဲန်လူမျိုးများနေထိုင်ရာ အင်လုံကျေးရွာသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘိန်းအစားထိုး အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေး ဒေသဝက်များ ထောက်ပံ့ပေးပွဲကို အဆိုပါရွာ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဒေသဝက်များ ထောက်ပံ့ပေးအပ်ပွဲသို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင့်အဖွဲ့ဝင်၊ မိုင်းခတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒေါက်တာသက်ဝင်းမောင်၊ မြို့နယ်စီးမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာလွင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးယုမောင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ကျေးရွာရှိ ရွာသူရွာသားများအား ဒေသဝက်အကောင်ရေ (၅၀)၊ တစ်ကောင်လျှင် ရှစ်သောင်းနှုန်းဖြင့် ငွေကျပ် သိန်းလေးဆယ်တန်ဖိုးအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာသူ/ရွာသားများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

MG_54