ဘိုကလေး   ဇန်နဝါရီ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် ဇန်နဝါရီ ၅ ရက်မှ စတင်၍ ပထမနှစ်ဝက် စာမေးပွဲများ ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပထမနှစ်ဝက်စာမေးပွဲသည် စတုတ္ထတန်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အထိ ဖြေဆိုကြရပြီး ဇန်နဝါရီ ၆ ရက် ဒုတိယနေ့ စာမေးပွဲတွင် စတုတ္ထတန်းအနေဖြင့် သင်္ချာနှင့် သိပ္ပံဘာသာရပ်၊ အလယ်တန်းကျောင်းသား ကျောင်းသူများ အနေဖြင့် သင်္ချာနှင့် ပထဝီဝင်ဘာသာရပ်၊ အထက်တန်း ကျောင်းသား ကျောင်းသူများ အနေဖြင့် သင်္ချာနှင့် ဓာတုဗေဒဘာသာရပ်များ ဖြေဆိုကြရပြီး ဘိုကလေးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများအားလုံး တစ်ကျောင်းမကျန် ပထမနှစ်ဝက် စာမေးပွဲများအား အေးချမ်းစွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)