ဘိုကလေး ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ သမိုင်းဝင်စေတီတော် တစ်ဆူဖြစ်သည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝင်းအား ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ကြသည်။
ဆောင်ရွက်ရာတွင် ဘုရားဖူးပြည်သူများ သန့်ရှင်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စေတီတော်ဝင်းအတွင်းမှ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြက်ပင်ပေါင်းပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များနှင့် ရေညှိများ ဖယ်ရှားသန့်စင်ခြင်း လုပ်ငန်းများဆောင်ရွက်ကြပြီး ထွက်ရှိလာသည့် အမှိုက်သရိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)