ဘိုကလေး ဇန်နဝါရီ ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ သွားရောက်ရောင်းချပေးခဲ့သည်။

 

ရောင်းချရာတွင် ကြက်သား တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ နှုန်းဖြင့် ပိဿာချိန် ၃၀၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ နှုန်းဖြင့် ပိဿာချိန်၄၂ ပိဿာ၊ ဘဲဥ တစ်လုံးလျှင် ငွေကျပ် ၂၅၀ နှုန်းဖြင့် အလုံးရေ ၁၀၀၀၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၂၀ နှုန်းဖြင့် အလုံးရေ ၁၁၀၀ တို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)