၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက် ၊ နံနက် (၁၀:၃၀) နာရီ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၈.၁၁.၂၀၂၁) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အ နောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန် - တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေ) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေသည်။

 

ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့်  နေရာကျဲကျဲ မိုးထစ်ချုန်းမည်။  အမြင်တာ လေး မိုင်၊ မိုးရွာစဉ်  တစ်မိုင်ခန့်။ ရေပြင်လေ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်  (၁၀-၁၅) မိုင်၊ တစ်ခါတစ်ရံ (၃၀-၃၅) မိုင်။     လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။  လှိုင်းအမြင့် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်သည်။

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့်   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာ လေးမိုင်၊ မိုးရွာစဉ် တစ်မိုင်ခန့်။ ရေပြင်လေ  မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅-၃၀) မိုင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့် လေးပေမှ ခုနစ်ပေခန့်ရှိနိုင်သည်။

 

Credit> မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန