ရန်ကုန် ၂၂ သြဂုတ်


ဗဟန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဇီဝိတဒါန သံဃာဆေးရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအေးမောင်သန်းက မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆွေးနွေးပြောကြားကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဖုန်းက မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


ကျော်ဆန်းမြင့်