ရန်ကုန် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ရာ ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်း ၂၂ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုံးကျောင်း၊ ကိုယ်ပိုင်ကျောင်း လေးကျောင်း ဖွင့်လှစ်ထားပြီး KG တန်းမှ Grade-12 တန်းထိ ကျောင်းသား ကျောင်းသူ ၁၁၅၇၆ ဦးကို ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)