နိုဝင်ဘာ ၁၅

ဘရူနိုင်းနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှုပျမ်းမျှအားဖြင့် ၆၁၁ ဦးရှိရာ ထိုရောဂါကူးစက်မှုအရေအတွက်မြင့်တက်မှုမှာ သီတင်းပတ်ခုနစ်ပတ်ဆက်တိုက် ရှိလာကြောင်း စာရင်းအင်းဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏အပတ်စဉ်သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သောသီတင်းပတ်က အေအာတီစစ်ဆေးချက်ဖြင့် ၄၈၄၉၁ ဦး၊ ကိုဗစ်ရောဂါကူးစက်မှု၏ ၈ ဒသမ ၇ ရာခိုင်နှုန်းကို စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင်၌ လတ်တလောတွင် ကုသမှုခံယူသူမရှိကြောင်းနှင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်သူ တစ်ဦးသာရှိကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်အထိ နိုင်ငံ့လူဦးရေ၏ ၇၈ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသည် ထိုရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီးဖြစ်သည်ဟု သိရသည်။

ဘရူးနိုင်းနိုင်ငံတွင် ထိုးနှံပေးသော ကိုဗစ်ကာကွယ်ဆေးအမျိုးအစားများမှာ ဖိုင်ဇာ-ဘိုင်အွန်န်တက်ရှ်၊ မိုဒါနာ၊ AstraZenecaနှင့် တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်တို့ဖြစ်ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို