နေပြည်တော် ဇန်နဝါရီ ၁၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးဦးစိုးစံနှင့် မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး၊ ဦးဝင်းဘိုဘိုထွန်းတို့က မြိတ်မြို့၊ မဇောကျေးရွာအုပ်စု၊ အရှေ့ပျဉ်ချောင်းကျေးရွာရှိ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ ဘရာသာ ဦးစိုးကိုကို၊ ဆရာမဒေါ်တိုးတိုးလွင်တို့က လက်ခံရယူခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း/ Church ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်