မြင်းမူ ၈ အောက်တိုဘာ

COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များ၏ ဆွမ်း၊ ဆေးဝါး ကိစ္စရပ်များ အခက်အခဲမဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ မာဃရပ်ကွက်နေ အလှူရှင်ဦးနိုင်စိုး၊ ဒေါ်သီတာ(ရွှေဧကရာဇ်ရွှေဆိုင်)မိသားစုကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး အဖွဲ့သို့ အလှူငွေများ လှူဒါန်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျောင်းတိုက်အသီးသီးတွင်  သီတင်းသုံးနေထိုင်လျက်ရှိကြသည့် ဆရာတော်၊ သံဃာတော်များအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း  ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံး နေထိုင်ကာ ဆွမ်းဘုန်းပေးလျက်ရှိကြောင်း၊ ဆွမ်းအတွက် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် မိမိတို့ မိသားစုက ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း  အလှူရှင် ဦးနိုင်စိုးက ပြောသည်။ လှူဒါန်း ပစ္စည်းများမှာ   ဆန် (၃၄) အိတ်၊ (၅) ပိဿာဝင် ဆီပုံး(၃၄)ပုံး၊ (၁)ကျောင်းလျှင် ဝတ္ထုငွေ (၅၀၀၀၀) ကျပ်နှုန်းနှင့်  ဆေးဝါးများ ပါဝင်ကြောင်း သိရသည်။

 

အလားတူ အလှူရှင်မိသားစုကမြို့နယ် COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သို့ အလှူငွေ ကျပ် (၁၀)သိန်းကိုလည်း ယနေ့နံနက်ပိုင်းကပေးအပ်ခဲ့ရာ   မြို့နယ် COVID-19  ထိန်းချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က လက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း  သိရသည်။

အောင်စိုးဖေ(မြင်းမူ)