ဘုတလင်၊  ၂  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးကိုယ်စား ဦးစီးအရာရှိ ဒေါ်တင်အေးညိုက အမှာစကားပြောကြားပြီး ဘုတလင်မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနစိတ် တာဝန်ခံ ဒေါက်တာတင်မာမာဦးက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ လတ်တလောဖြစ်ပွားနေသည့် အခြေအနေ၊ တောင်သူပညာပေးလုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဖိုးခါး(ပြန်/ဆက်)