ဘုတလင် ၁၅ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အစီအစဉ်ဖြင့် ဩဂုတ်လ ဒုတိယပတ်အတွင်း အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ် ၁၀၀၀၀ ကျော်အား ဗီတာမင်-အေ ဆေးတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးရာတွင် အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေတစ်သိန်း အားဆေးနှင့် အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေ နှစ်သိန်း အားဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းတိုက်ကျွေး ပေးလျက်ရှိသည်။
ဘုတလင်မြို့နယ်တွင် အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ်(၁၁၆၉)ဦး၊ အသက်(၁)နှစ်မှ (၅) နှစ်အထိ ကလေးငယ် ၈၉၂၇ ဦး၊ စုစုပေါင်း ကလေးငယ် ၁၀၀၉၆ ဦးအား ဗီတာမင်-အေဆေး တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


