ဘုတလင် ၂၆ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ဩဂုတ်လ ၂၆ ရက်၊ နံနက် ၁၁ နာရီခွဲက ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်း ငွေဗိုက်အစီအစဉ်အတွက် Ngwe Bike Application ဖြင့် စာရင်းသွင်းမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြော ကြားပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်က ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက ဘုတလင်မြို့ Facility Quarantine များရှိ ကိုယ်ဝန်ဆောင်မိခင် လေးဦးနှင့် ငါးနှစ်အောက် ကလေးငယ် လေးဦး တို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မုံရွာမူကြိုကျောင်းအုပ် ဒေါ်သီတာစိန် နှင့် ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်အတွက် Ngwe Bike Application ဖြင့် စာရင်းသွင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)