ဘုတလင်        ၂၅      ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သုံးမြွှာပူး ကလေးများ မွေးဖွားခဲ့သည့် မိခင်အား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေနှင့် ကလေးအသုံး အဆောင် အဝတ်အစားများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ထိုက်စုကြည် နှင့် အဖွဲ့ဝင်များက သုံးမြွှာပူး ကလေးများ မွေးဖွားသည့် မိခင် ဒေါ်သင်း သင်းခိုင်အား ထောက်ပံ့ငွေ ကျပ် ငါးသောင်းနှင့် ကလေးသုံး အဝတ်အစားများကို ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ရရှိရေးအတွက် စီစဉ်ထားမှုအခြေအနေအား ရှင်းပြ၍ အားပေးစကား ပြောကြားခဲ့ကြသည်။

 

အဆိုပါသုံးမွှာပူး ကလေးမိခင် ဒေါ်သင်းသင်းခိုင်အား ယောင်္ကျားလေး နှစ်ဦးနှင့် မိန်းကလေး တစ်ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဩဂုတ်လ ၂၃ ရက်တွင် ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)