ဘုတလင် ၁၂ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAHP)သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAHP)သင်တန်း ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဘာသာရပ်နှင့် နွား၊ သိုး၊ ဆိတ်စသည့် တိရစ္ဆာန်အမျိုးအစားအလိုက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် ဘာသာရပ်များကို (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ များမှ သင်တန်းသား(၂၀) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)