ဘုတ်ပြင်း ၂၆ သြဂုတ်
တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်မှ ဘုတ်ပြင်းမြို့နယ်တွင် မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်သူများအား ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပုလဲရွှေရည်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦခင်မောင်အေး၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ထွေးတို့က မြေယာခွန် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့သောင်းခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦးက တနင်္သာရီ တိုင်းဒေသကြီး မြေယာခွန် ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက
မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အကြံပြုချက်များ ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


