ဘူးသီးတောင် ၂၉ သြဂုတ်
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာစောမင်းသိန်းနှင့်ဝန်ထမ်များ၊ ကိုဗစ်-၁၉ အသိပညာပေးရေးနှင့် သတင်းထုတ်ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ လမ်းမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၊ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၊ မြို့နယ်စည်ပင်သာယာဈေး၊ လူစည်ကားရာ လမ်းဆုံများ၊ ရောဂါပိုးတွေ့ရှိထားသည့် နေအိမ်နားပတ်ဝန်းကျင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံးရှေ့ နေရာများ၌ လက်ကမ်းစာစောင်များ၊ လက်ဆေးဆပ်ပြာများ၊ Maskများ (အခမဲ့)ဖြန့်ဝေကာ အသိပညာပေး လှုပ်ရှားမှုများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းများ(Mask) တပ်ဆင်ခြင်း ရှိ/မရှိ အားမြို့မစည်ပင်သာယာဈေး ရှေ့နှင့်အနောက်ကွင်းဈေးတို့တွင် လိုက်လံ အသိပညာပေးကာ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ငွေရိုက်၍ နှာခေါင်းစည်း(Mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းသို့COVID-19 ရောဂါ ဒုတိယလှိုင်းကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ဆောင်ရွက်ရာမှာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာစောမင်းသိန်းမှ လက်ကမ်းစာစောင်(၁၀၀၀)၊ လက်ဆေးဆပ်ပြာများ(၆၀၀၀)နှင့် Mask(၁၀၀၀၀)ကျော်တို့ကို (အခမဲ့)ဖြန့်ဝေကာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော် မြို့နယ်(ပြန်/ဆက်)


