ဘူးသီးတောင် ဇွန် ၂၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင် -မောင်တောသွားရာ မြို့အဝင်ဂိတ်၌ ဇွန် ၂၆ ရက် နံနက် ၈ နာရီမှ စတင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းတို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း ဖြန့်ဝေပေးခြင်း၊ လက်ကိုလက်သန့်ဆေးဖြင့် သန့်စင်အောင် ဆေးကြောစေခြင်း ပြုလုပ်ကာ ကျန်းမာရေး အသိပညာပပေးခြင်းများ ဆောင်ရွက်ကြသည်။ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကိစ္စနှင့် ပတ်သက်၍ မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များထားရှိကာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


