ဘူးသီးတောင် ဇွန်     ၂၆

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင်‌ -မောင်တောသွားရာ မြို့အဝင်ဂိတ်၌ ဇွန် ၂၆ ရက် နံနက် ၈ နာရီမှ စတင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းတို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့​​ ဆောင်ရွက်ရာတွင် ခရီးသွား​​ပြည်သူများအား အပူချိန်တိုင်းတာ​​ခြင်း၊ နှာခေါင်းစည်း ဖြန့်ဝေပေး​ခြင်း၊ လက်ကိုလက်သန့်ဆေးဖြင့် သန့်စင်အောင် ဆေးကြောစေခြင်း ပြုလုပ်ကာ ကျန်းမာ​​ရေး အသိပညာ​ပပေးခြင်းများ​ ဆောင်ရွက်ကြသည်။ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကိစ္စနှင့် ပတ်သက်၍ မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များထားရှိကာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

           

မြို့နယ်(ပြန်/ဆက်)